ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးနိုင် ရေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၇၃၀၀)ဦးနှင့် အသက်(၁၂)နှစ် အထက်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ (၆၃၆၆)ဦး၊ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း(ပြန်/ဆက်)