ဝန်းသိုမြို့(အ.ထ.က)ကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်

ဝန်းသို ဒီဇင်ဘာ ၂၉

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ဝန်းသို) ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်ကျင်းပခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်(ကျား/) မီတာ(၅၀)အပြေး၊ အာလူး ကောက်၊ အိတ်စွပ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်(ကျား/) မီတာ(၅၀)အပြေး၊ အာလူးကောက်၊ အိတ်စွပ်၊ () ထုတ်စည်း တိုးပြိုင်ပွဲ၊ အထက်တန်းအဆင့် မီတာ(၅၀)အပြေး၊ အာလူးကောက်၊  အိတ်စွပ်၊ လွန်ဆွဲပြိုင်ပွဲ၊ ()ထုပ်စည်း တိုးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)