ဝန်းသို ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Center ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Online မှတဆင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများ အသင်း စာရေးဆရာမကြီး ဒေါ်တင်ထားရီ (ထိပ်ထား-ဝန်းသို)က မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်အကြောင်း စသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန် အကျယ်တဝင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲ အစီအစဉ်ကို ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန We Love Wuntho Facebook Page မှတဆင့်လွှင့်တင်ဖော်ပြပေးခဲ့ သည်။
ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအား အသိပညာပေး လုပ်ငန်းများအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ် စာစောင်ပြသခြင်း၊ ဟောပြောပွဲ ဆောင်ရွက်ခြင်း၊ Talk Show များကျင်းပပြုလုပ်ခြင်းနှင့် Online ပေါ်မှတဆင့် အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း အစဉ်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)