ဝန်းသိုမြို့ Community Center ခန်းမ၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို Talk Show ပြုလုပ်

ဝန်းသို ဒီဇင်ဘာ ၂၉

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Center ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုး သူများအသင်း စာရေးဆရာမကြီး ဒေါ်တင်ထားရီ(ထိပ်ထား-ဝန်းသို)က မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ အမျိုးသားရေး ဦးတည်ချက်()ရပ်အကြောင်း စသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားကြရန်လိုကြောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)