ကြံခင်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ကာယစွမ်းရည်တိုးတတ်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၈)နာရီ ၃၀ မိနစ် အချိန်က ကြံခင်းမြို့ (အထက) ကျောင်းရှေ့ ဘောလုံးကွင်းနှင့် အမှတ်(၂)(အထက) ကျောင်းရှေ့တို့တွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲ ကျင်းပရာတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ အားကစားဝါသနာရှင်များအား အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများအားလည်းကောင်း၊ အခြေခံပညာအလယ်တန်းဆင့်နှင့် အထက် တန်းဆင့်ကျောင်းသား၊ ကျောင်းသူ အားကစားဝါသနာရှင်များကို လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးမှာဖြစ် ကြောင်း၊ ပထမ၊ ဒုတိယ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ ဆုများ အသီးသီးချီးမြှင့်ပေးမှာဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူထံမှသိရသည်။
မိုးမိုး(ပြန်/ဆက်)