ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက် ကင်းစင်သည့်မြို့ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေ ရေးကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ ကြိမ် အပြည့် ထိုးနှံပြီးသူများအနေဖြင့် ၆ လပြည့်ပါက နောက်ထပ်တစ်ကြိမ် ထပ်မံထိုးနှံနိုင်ရေး ဆွေးနွေး မှာကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦးက ပြည်သူများ လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့မှူးဦးဟန်ဝင်းစိုးက မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများကပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)