ဒေးဒရဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ဒေးဒရဲ   ဒီဇင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပန်းအလှထိုးနည်း သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ပန်းအလှထိုးနည်း ပညာများကို လက်တွေ့သင်ကြားပြသပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနက ဝန်ထမ်းများ၊ Book Club၊ Woman Club၊ Youth Club အသင်းဝင်များနှင့် ပန်းအလှထိုးနည်း စိတ်ပါဝင်စား သည့်သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

အေဇာလင်း(ပြန်/ဆက်)