ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်း၊စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲကျင်းပ

ငဖဲ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊နေ့ထူးနေ့မြတ်များသိရှိစေရန် နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို စာဖတ်ဝိုင်း၊စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် ဓါတ်ပုံပြပွဲကို ယနေ့မွန်းလွဲ ၁နာရီက ကျင်းပသည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ဝိုင်းနှင့်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၄)ရပ်ကို ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းမှ အဌမတန်းကျောင်းသား/ကျောင်းသူ (၃၀)ဦးနှင့်အတူ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်သည်။

ထို့နောက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းများဆိုင်ရာ သုတစာအုပ်များ၊ ၂၀၂၁ ခုနှစ်ထုတ် မဂ္ဂဇင်းများ၊ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များဖြင့် စာအုပ်ပြပွဲကိုလည်းကောင်း၊ ၂၀၂၁ခုနှစ် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စုအမွေအမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့ နံရံကပ်စာစောင်၊ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စည်းရုံးရေးခရီးစဉ်များနှင့် နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ပြသထားရှိရာ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း နှင့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း   သိရသည်။

မယု(ငဖဲ)