ရွှေဘို ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းအား ယနေ့နံနက် ၁၀နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းကို ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် အရှည် ၃၅၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ၊ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကွန်ကရစ်လမ်းခင်းခြင်းကို ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက လမ်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးရေးတို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ဆက်လက်၍ ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်အောင်