ဘားအံ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဘားအံမြို့ အ-ထ-က(၃)ကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနက နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်နိုင်ရန်ရည်ရွယ်၍ ဘားအံမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဦးဆောင်ပြီး ဆရာ၊ဆရာမများနှင့် ပူးပေါင်း၍ အဆိုပါကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းထုတ်ပေးနိုင်ရေးအတွက် စနစ်တကျ စီစစ်ပြုလုပ်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ စုစုပေါင်း(၂၉)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန် ကျန်ရှိသည့် ကျောင်းများကိုလည်း ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်၊၊
ခရိုင်(ပြန်/ဆက်)