မင်းဘူးမြို့၌ ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပွဲများကျင်းပ

 

မင်းဘူး  ဒီဇင်ဘာ  ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အားကစားပွဲများ ကျင်းပသည်။

 အဆိုပါ ပြိုင်ပွဲများတွင် (ထက်လယ်မူ) ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး မူလတန်းအတွက် ၇၅ မီတာနှင့် မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အလယ်တန်းအတွက် ထုပ်ဆီးတိုးပြိုင်ပွဲ၊ အထက်တန်းအတွက် ကျား/မလွန်ဆွဲပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။

 အားကစားပြိုင်ပွဲ များကို ခရိုင်အားကစားခန်းမ၊ အထက(၁)  ဘောလုံးကွင်းနှင့် ကျောင်းရှေ့ အားကစားကွင်းများတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း အထက(၁)ကျောင်းမှ ကာယဆရာ ဦးစိုးမင်းထွန်းက ပြောသည်။

 ဇေယျာထက်(မင်းဘူး)