ထီးချိုင့် ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့မအား ကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို အသင်း(၁၅)သင်းနှင့် အုပ်စုပတ်လည်ကျင်းပပြီး(၂၇-၁၂-၂၀၂၁)ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ(၃၁)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆုရရှိသည့် အသင်းအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း မြို့နယ်အား/ကာမှူး ဦးမင်းထက်က ပြောကြားခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ဘော့လုံးပြိုင်ပွဲ(ဂိုးကျဉ်း)၊ ရိုးရာခြင်းလုံး ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများလည်း ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)