ပဲခူးမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပဲခူး  ဒီဇင်ဘာ ၂၈

‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦး က “လက်ဆင့်ကမ်းအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇)ဦးတို့က “လွတ်လပ်ခြင်းနှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးတို့က “လွတ်လပ်ရေးနေ့ တို့မမေ့”ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ကျပန်းစကား ပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် (၆)ဦး၊ အလယ်တန်းအဆင့် (၇)ဦး၊ မူလတန်း အဆင့်(၆)ဦးတို့က “တို့ဘိုးဘွားအမွေစစ်”၊ “ကြံ့ခိုင်သာယာ ပြည်မြန်မာ”၊ “ဖွံ့ဖြိုးဝေစည် မြန်မာပြည်”၊ “သွေးစည်းချစ်ကြည် မြန်မာပြည်”၊ “လူကောင်းလူတော် တို့ရည်မျှော်” ခေါင်းစဉ်များ ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုများအနေဖြင့် စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုများကိုလည်းကောင်း၊ ကျပန်း စကားပြောပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုများကိုလည်းကောင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)