ဓနုဖြူ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နေ့လယ်(၂)နာရီ အချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာစွမ်းရည် တိုးတက်လာစေရန် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အ.ထ.က(၂)ရွှေကူကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးနှင့် ဆရာမများက ဆုရရှိသူများအား ဆုလက်ဆောင် များချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)