အင်္ဂပူ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထူးကြီးမြို့အခြေခံပညာ အထက်တန်း ကျောင်းရှိ ထူးကြီး အ.ထ.က ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် "လွတ်လပ်ရေးနေ့ ဒို့မမေ"၊ "လွတ်လပ်ရေးနေ့နှင့် အမျိုးသားတာဝန် "၊ " ထိန်းသိမ်း စို့လေ လွတ်လပ်ရေးအမွေ " ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် (၄) ဦး၊ အလယ်တန်းဆင့် (၁) ဦး၊စာစီစာကုံး ပြိုင်ပွဲတွင် "အသက်သွေးချွေးပေးဆပ်ခဲ့ရသော လွတ်လပ်ရေး" ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် (၂၀) ဦး အလယ်တန်းဆင့် (၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ လွတ်လပ်ရေးကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးရကြောင်း နှင့်ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ပေး ပြီးဆုရရှိသူများမှာ မြို့နယ်အဆင့် ဆက်လက်ယှဉ် ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)