အင်္ဂပူမြို့နယ် ထူးကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်းပွဲကျင်းပ

အင်္ဂပူ    ဒီဇင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ထူးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ထူးကြီး အ.ထ.က ခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် "လွတ်လပ်ရေးနေ့ ဒို့မမေ" ၊ "လွတ်လပ်ရေးနေ့နှင့် အမျိုးသားတာဝန် " ၊ " ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ " ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် (၄) ဦး၊ အလယ်တန်းဆင့် (၁) ဦး၊ စာစီစာကုံး ပြိုင်ပွဲတွင် "အသက်သွေး ချွေးပေးဆပ်ခဲ့ရသော လွတ်လပ်ရေး" ခေါင်းစဉ်ဖြင့်  အထက်တန်းဆင့် (၂၀) ဦး အလယ်တန်းဆင့် (၄) ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်ရည်ရွယ် ၍ပြုလုပ်ဆောင်ရွက်ပေးရကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများကိုလည်း ဆုများပေးအပ်ချီးမြှင့်ပေးပြီး ဆုရရှိသူများမှာမြို့နယ် အဆင့်ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)