LEADER MIX ကိရိယာအသုံးပြု၍ မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲပြုလုပ်

မြောင်းမြ    ဒီဇင်ဘာ    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မီးသတ်ဦးစီးဌာနမှ LEADER MIX  ကိရိယာအသုံးပြု၍ မီးငြိမ်းသတ်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီက မြောင်းမြမြို့၊  မြရတနာရပ်ကွက်၊ သဲပုံဆိပ်၌ ပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲတွင် ခရိုင်မီးသတ်ဦးစီးမှုး ဦးကျော်ခိုင်ထွန်းက ဆီမီးလောင်မှုဖြစ်ပွားပါက သန္ဓေနှင့် အရန်မီးသတ်များပူးပေါင်း၍ LEADER MIX ကိရိယာကို ကျွမ်းကျင်စွာ ကိုင်တွယ်မီးငြိမ်းသတ်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဆီမီးလောင်မှု ဖြစ်ပွားရာတွင် LEADER  MIX ကိရိယာအသုံးပြုနိုင်ကြောင်း၊ ၎င်းကိရိယာအား တပ်ဆင်အသုံးပြုပုံ အဆင့်ဆင့်နှင့်ရေနှင့်အတူ Foam ဆေးရည်ကိုလည်း ထည့်သွင်းအသုံးပြုရကြောင်း၊ ဆီမီးလောင်မှုဖြစ်ပွားရာတွင် Foam ဆေးရည် (၅) ဂါလံ ကို (၄၅)မိ နစ်ခန့် အသုံးပြုနိုင်ကြောင်းနှင့် LEADER MIX  ကိရိယာ ကြံ့ခိုင်မှုရှိစေရေးအတွက် အသုံးပြုပြီးပါက  သန့်ရှင်းရေးပြုလုပ်၍  ပြန်လည်သိမ်းဆည်းထားရှိရန် လို အပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် မြောင်းမြခရိုင်သန္ဓေဝန်ထမ်းများက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ မြောင်းမြခရိုင်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေနှင့် နေအိမ်များ၊ဈေးများတွင် လျှပ်စစ်မီးများ စနစ်တကျ အသုံးပြုစေရေး၊လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ရေး၊ စနစ်တကျ မီးငြိမ်းသတ်နိုင်စေရန် သဲပုံးရေပုံးများ၊ မီးချိတ်မီးကပ်များ အသင့်ဖြည့်တင်းထားရှိရေး လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စန္ဒာကြည်(ဦးစီးအရာရှိ)