စစ်ကိုင်း ဒီဇင်ဘာ ၂၈
စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းသို့ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် Physical Fitness Dance သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် အဖွင့်အမှာစကား ပြောကြာပြီး ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် အားကစားများကိုလည်း စိတ်အား ထက်သန်စွာ လေ့ကျင့်ပျိုးထောင်သွားကြစေလိုကြောင်း၊ အားကစားပြုလုပ် ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပေး သွားမှာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာ ပညာရေးကို ဆက်လက် သင်ကြားနိုင်မှာ ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားကာ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးမှူးက အားကစားပစ္စည်းများကို ပေးအပ်ရာ အမှတ်(၁)ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူပေးခဲ့သည်။
ဆက်လက်၍ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်သူများအား အမှတ်(၁)ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကာ Physical Fitness Dance အကဖြင့် သရုပ်ပြသ ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများက လိုက်လံ ကပြခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်