ဝေါ ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးရေးရာ ဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးရာတွင် ဝေါမြို့နယ် စာသုံးသူရေးရာဦးစီးဌာန ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ခင်နှင်းဝေ က ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူကာကွယ်ရေး ဆောင်ရွက်ရာတွင် ကုန်ညွှန်း အမှတ်အသား ဥပဒေနှင့်အညီ ပြည့်စုံမှု ရှိ၊မရှိ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များရဲ့ တာဝန်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ နစ်နာသည့် စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်မှု ကာလအတွင်း စားသုံးသူများအား အကာအကွယ်ပေးမှု အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း