ပိုင်ကျုံ တိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ဒုတိယ)အကြိမ် ထိုးနှံ‌မည်

ပိုင်ကျုံ  ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊  အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ပဉ္စမအသုတ်(ဒုတိယ)အကြိမ်အဖြစ် လူဦးရေ(၇၀၀)အား စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း  သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်   ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)