ရန်ကုန်-ပုသိမ် အမြန်လမ်းမ (၂၃.၄)မိုင်၏ ဘေးဝဲယာများတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

ညောင်တုန်း  ဒီဇင်ဘာ၂၈

ဧရာ၀တီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ယနေ့နံနက် ()နာရီခွဲအချိန်ခန့်က ရန်ကုန်-ပုသိမ် အမြန်လမ်းမ (၂၃.)မိုင်၏ ဘေးဝဲယာများတွင် စုပေါင်းအမှိုက်ကောက်ခြင်း ပြုလုပ်ခဲ့သည်။

ထိုသို့ စုပေါင်းအမှိုက်ကောက်ခြင်း ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်က မြို့ပေါ်ရပ်ကွက်ရှိ အဓိကလမ်းမကြီးများနှင့် ရန်ကုန်-ပုသိမ် အမြန်လမ်းမ (၂၃.)မိုင်၏ လမ်းဘေးဝဲယာရှိ ခြုံနွယ်များ ရှင်းလင်းခြင်း၊ မြက်များ ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း စသည့် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)