ထန်းတပင် (ပဲခူး) ဒီဇင်ဘာ ၂၈
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show)ကိုတောင်ငူခရိုင် ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်ဦးအောင်ဇင်မျိုးက လွတ်လပ်ရေး နောက်ခံ သမိုင်းကြောင်း၊ ကျူးကျော်စစ် သုံးကြိမ်ပေါ်ပေါက်လာမှုများ၊ လွတ်လပ်ရေး အထိမ်းအမှတ်ကဗျာနှင့် လွတ်လပ်ရေးနေ့ ဦးတည်ချက်များအား ယနေ့ခေတ်လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထန်းတပင်မြို့နယ်မှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြုလုပ်ဆောင်ရွက်ပေးပြီး We Love Htantapin Page တွင်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)