ဓနုဖြူမြို့နယ်တွင် တိုင်းရင်းဆေးအသိပညာပေး (Talk Show) ဆောင်ရွက်

ဓနုဖြူ  ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက်က ကျန်းမာသက်ရှည်နေထိုင်ရေး တိုင်းရင်းဆေးဖြင့်ပညာပေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး (Talk Show) ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးတို့မှ ဆောင်းဥတုကာလနှင့် ကျန်းမာရုပ် ပကတိလက္ခဏာ၊ အဟာရအနေဖြင့် စားသောက်မှု၊ ဥတုအကြိုက်နေထိုင်မှု စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)