ဓနုဖြူမြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကျင်းပ

ဓနုဖြူ         ဒီဇင်ဘာ      ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပူပေါင်းဖောက်အားကစားပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပူပေါင်းဖောက်အားကစားပြိုင်ပွဲသို့ အ.ထ.က(၂)ရွှေကူကျောင်းမှ ဆရာ၊ ဆရာမများ၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၃)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)