ပိုင်ကျုံ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက ထန်းတပင်ကျေးရွာသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုး ဆော်ပေးလျက်ရှိသည်။
အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်သည် မိမိတို့နိုင်ငံတွင် မဖြစ်သေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ်လျက်ရှိသဖြင့် မိမိတို့မြို့ရွာအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ရေး လုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာသို့ ဆက်လက်နှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)