မြိတ် ဒီဇင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ရောဂါ ကာကွယ် ဆေး(၄၈၀၀၀)နှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိလာခဲ့သည်။
ထပ်မံရောက်ရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူး ပေးအပ်ခဲ့သည်။ ကိုဗစ်ကာကွယ် ဆေးများတွင် မြိတ်မြို့နယ်အတွက်(၂၆၀၀၀)၊ ကျွန်းစုမြို့နယ် အတွက် (၈၀၀၀)၊ ပုလောမြို့နယ်အတွက်(၇၀၀၀)၊ တနင်္သာရီမြို့နယ်အတွက်(၇၀၀၀) ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်တွင် ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးနှစ်ကြိမ် ထိုးနှံပြီးသူဦးရေ (၂၃၈၄၈၈)ဦး ရှိပြီဖြစ်ကာ ယနေ့တွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး (၁၀)ပုံးနှင့် ဆေးထိုအပ်(၁၃)ပုံး စုစုပေါင်း(၂၃)ပုံး ရောက်ရှိလာခဲ့ပြီး ခရိုင်အတွင်းရှိ ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးကြရမည့် ပြည်သူ(၄၈၀၀၀)ဦးကို ဦးစားပေးအစီအစဉ်အလိုက် မြို့နယ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
ခိုင်ထူး