မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ၆၂.၂၅ ရာခိုင်နှုန်း ထိုးနှံပြီးစီး

မင်းဘူး ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ၆၂.၂၅ ရာခိုင်နှုန်း ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် မင်းဘူး(စကု)တစ်မြို့နယ်လုံး ၁၈ နှစ်အထက် ကာကွယ်ဆေး ထိုးနှံမည့် လူဦးရေးပေါင်း ၁၂၀၀၀၀ ကျော်ရှိပြီး Covid Shield ထိုးပြီးသူ ၅၆၇၆ ဦး၊ Sinovac ထိုးပြီးသူ ၄၅၀ ဦး၊ Sinopharm Phase-1 ထိုးပြီးသူ ၅၈၇၃ ဦး၊ Phase-2 ထိုးပြီးသူ ၃၅၆၆၆ ဦး၊ Phase-3 ထိုးပြီးသူ ၇၁၃၉ ဦး၊ Phase-4 ပြီးသူ ၂၈၉၀ ဦးနှင့် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၅၉၆၉ ဦး အပါအဝင် စုစုပေါင်း  ၆၃၆၆၃ ဦးအပြင် Phase-5 ပထမအကြိမ် ထိုးပြီးသူ ၃၉၃၆ ဦးတို့အား ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့အတူ ဆေးထိုးရန် ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများဖြစ်သော ဒေသခံပြည်သူများအား မင်းဘူး ဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာတို့အပြင် ရွှေရောင်တော် ခန်းမနှင့် ရွာသာယာ၊ မကျီးသုံးပင်၊ ရေငံပက်ပယ်  ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ် ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

ဇေယျာထက် (မင်းဘူး)