ပွင့်ဖြူမြို့နယ် မုန်းဇလဲ အုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

 

ပွင့်ဖြူ  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲအုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ် ပေးခဲ့ ကြောင်း သိရသည်။

ထို့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေး နေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်း ရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  မုန်းဇလဲအုပ်စု ကျေးရွာရှိ   နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူ ၄၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် ကိုင်ဆောင် ခွင့်ရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင် ပေးခြင်းကို ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေး အတွက်နေ့စဉ် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရကာ ကျန်ရှိသည့်ဒေသခံ ပြည်သူများကိုလည်း စဉ်ဆက်မပြတ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညွန့်ဝင်း ထူးထံမှသိရသည်။

ခင်ဝါဝါလှိုင် ( ပြန်/ဆက် )