လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆက်လက်နှိုးဆော်

လိပ်သို   ဒီဇင်ဘာ    ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန် ရောဂါကူးစက်ပြန့် ပွားမှုကို  ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက်     ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှု လုပ်ငန်း များကို    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင်  အတတ်နိုင်ဆုံး  အိမ်တွင်း၌သာ  နေထိုင်ကြရန်၊  အခြားသူများထံသို့  သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္တုများကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စနစ် တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊  မိမိတို့၌ ရောဂါပိုးရှိသည်ဟု  သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ  ကွင်းဆက်ပြတ်တောက်ရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို ပြန်ကြားရေးနှှှှှှှှှှှှှှှှှှှှှှှှှှှှင့် ပြည်သူ့ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့်   အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း  သိရသည်။

 မြို့ပြန်/ဆက်