ကျွန်းလှမြို့၌ စက်မှုစီးပွားရေး လုပ်ငန်းရှင်များအား လျှပ်စစ်ဓာတ်အားခ ပေးဆောင်နိုင်ရေး ဆွေးနွေး

ကျွန်းလှ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်မှုစီးပွားရေး လုပ်ငန်းရှင်များ လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရန် ကျန်ရှိသူများ ပေးဆောင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက  မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဦးစီးမှူး ဦးဇော်ထွန်းသန်းက စက်မှု လုပ်ငန်းရှင်များ အနေဖြင့် လျှပ်စစ်ဓာအားခများ ပေးဆောင်ရန် ကျန်ရှိနေခြင်းကြောင့် အမြန်ဆုံး ပေးဆောင်ကြရန် ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျွန်းလှမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းရှင်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ