ပခုက္ကူမြို့၌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်၅ရပ်နှင့်ဦးတည်ချက်၉ရပ် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအားပြသဆောင်ရွက်ထားရှိ

ပခုက္ကူ ဒီဇင်ဘာ၂၇

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပခုက္ကူမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများအား အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ယင်းကပ်ရောဂါကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ကုစားပေးနေမှု၊    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများနှင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အထွေထွေရွေးကောက်ပွဲကျင်းပရေး တွေ့ဆုံဆွေး‌နွေးမှုမှတ်တမ်းဓါတ်ပုံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေ့သည့် မှတ်တမ်းဓါတ်ပုံများ၊ ဦးတည်ချက်(၉)ရပ် တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရ သည်။   

ဟိန်းသူ