ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်

ပွင့်ဖြူ      ဒီဇင်ဘာ       ၂၇

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းအသက် ၁၈နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့်ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက်၁၈နှစ်အထက် ပြည်သူများကာကွယ်ဆေးထိုးနှံမှုကျန်ရှိမှုမရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်း၃နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန  တို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ်ရွှေဘိုရွာမကျေးရွာနှင့်ရွှေဘိုရွာသစ်ကျေးရွာများသို့သွား ရောက်ပြီးပြီးအသံချဲ့ စက်ယာဉ်ဖြင့်အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် အသက်-၁၈ နှစ်အထက်ဒေသခံပြည်သူများအနေဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ပွင့်ဖြုမြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီး ဌာန ရုံး ဗိုလ်ဥတ္တမခန်းမအပါအဝင် သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင်  အသက်၁၈နှစ်နှင့်အထက်ကာကွယ်ဆေးထိုးနှံ ရန် ကျန်ရှိသူများအား  ဒီဇင်ဘာလနောက်ဆုံးအပတ်ထိဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်သတ်မှတ်စုရပ်နေရာများသို့မလာရောက်နိုင် သည့် ဒေသခံပြည်သူများအားကျေးရွာများအရောက် Mobile စနစ်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုကွင်း ဆင်းဆောင်ရွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍မြို့နယ်အတွင်းတရားဥပဒေစိုးမိုးရေး၊နယ်မြေအေး ချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် မော်တော်ဆိုင်ကယ်  စီးနင်းသွားလာရာတွင် ( ၃ ) ယောက်စီးခြင်းနှင့်  ( ၂ )ယောက်စီးရာတွင် နောက်မှ အမျိုးသားလိုက်ပါစီးနင်းခြင်း လုံးဝ ( လုံးဝ )  မပြုလုပ်ကြ ရန် တားမြစ်ထားသည့်ဥပဒေ ကို အလေးအနက်ထားလိုက်နာဆောင် ရွက် သွားကြရေးတို့ကိုအသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ပါကြောင်း   သိရသည်။

ခင်ဝါဝါလှိုင်