အင်္ဂပူ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် အားကစား စိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်း၊ စသည့် အကျိုးကျေးဇူးများ ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းအဆင့် ထုတ်ဆီးတိုး ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ခြင်းခတ်ပြိုင်ပွဲများ ကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများအား လွတ်လပ် ရေးနေ့တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)