ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးသစ်ဖွင့်ပွဲကျင်းပ

ငဖဲ ဒီဇင်ဘာ၂၇

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးသစ် အဆောက်အဦး ရာနှုန်းပြည့်တည်ဆောက် ပြီးစီးပြီဖြစ်၍ အုပ်ချုပ်ရေးမှူး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးစိန်သောင်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမှ ရပ်မိရပ်ဖများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ချောင်းဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦးသည်  အလျား၂၇ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၀.၅ပေရှိ အုပ်ညှပ်တစ်ထပ် အမျိုးအစားဖြစ်ပြီး (၂၀၁၉-၂၀၂၀ )ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ကျပ်၉၉သိန်း ၅သောင်း ဖြင့် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ရက်နေ့ ကစတင်၍ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)