ကျောင်းကုန်း ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန် ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်းဆင့်ပြိုင်ပွဲဝင် (၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ဆုရရှိကြသူများကို ဒီဇင်ဘာလကုန်၌ ကြေညာပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဝင်းကြိုင်