ဒေးဒရဲ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ဒေးဒရဲမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၅၀၂၇)ဦး၊ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၄၂၃၅)ဦးနှင့် အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၃၆၆)ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ (၈၅၆၂၈)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း