ညောင်လေးပင် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ပြည်သူများအတွက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ဆောင်ရွက်မှု ၇၁. ၁၁ ရာနှုန်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှု ၉၇၇ အိမ်ထောင်စု ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြို့နယ်လဝကဦးစီးမှူး ဦအောင်ဇော်လင်း ဦးဆောင်သည့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ကို ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၄၀၄) ဆောင်ရွက်ရန် ရှိရာမှ (၄၅၅၄) ခု၊ ၇၁.၁၁ရာနှုန်း ဆောင်ရွက်ပြီးဖြစ်ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်း (၉၇၇)ခု ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
ဌာနအနေဖြင့် ပြည်သူများအတွက် ပန်းခင်းစီမံချက် ပထမ(၃)လတွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများကို မြို့နယ်လဝကရုံးသို့ ခေါ်ယူဆောင်ရွက်ပေးခဲ့ပြီး၊ ယခုအခါကျေး ရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်ရှိမှုများရှိပါက ကောက်သင်းကောက်စနစ်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နီနီဝင်း