ပုသိမ် ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၈)နယ်မြေ ၊ ရွာသာယာရပ်ကွက်ရှိ ZFNiTH ဖူဆယ် အားကစားကွင်းအတွင်း၌ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပုသိမ်ခရိုင်အားကစားမှူးနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားအသင်း ပေါင်း ၂၂ သင်းမှ အားကစားသမားများနှင့် အားကစားဝါသနာပါဝင်သူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြသည်။
ပြိုင်ပွဲကို တစ်ရက်လျှင်(၄)ပွဲဖြင့် ယှဥ်ပြိုင်လျက်ရှိပြီး ယနေ့ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သာပေါင်းမြို့နယ် ဖူဆယ်အသင်းနှင့် ပုသိမ်မြို့နယ်မှ GENIUS ဖူဆယ်အသင်းတို့ ယှဥ်ပြိုင်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲ ကို.၂၀၂၂ ခုနှစ်၊(၄၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ ပုသိမ် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဦးသိန်းစံနှင့် ဖူဆယ်အားကစားပြိုင်ကွင်း ပိုင်ရှင် ဦးထွန်းခိုင်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ပုသိမ်ခရိုင်အတွင်းရှိ ကလပ်အသင်း များမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၂၂ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြရာ ပထမနေရာလုပွဲ့နှင့်ဆုချီးမြှင့်ပွဲအခမ်း အနားကို အဆိုပါကွင်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြု လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင်