မယ်စဲ့မြို့နယ်တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မယ်စဲ့ ဒီဇင်ဘာ ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိုးနှံမှု မကျန်ရှိ စေရေးအတွက် ရပ်ကွက်ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ စတုတ္ထအသုတ် (ဒုတိယအကြိမ်)နှင့် ပဉ္စမအသုတ် (ပထမအကြိမ်)အဖြစ် မြို့ပေါ်ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

မယ်စဲ့မြို့နယ်၌ ယနေ့အထိ အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူ ၂၀၄၆ ဦး၊ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူ ၇၉ ဦး၊ စုစုပေါင်း ၂၁၂၅ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဝတ်ရည်(ပြန်/ဆက်)