အမာမြို့​၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်စာစောင်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပြသ

အမာ     ဒီဇင်ဘာ      ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့​တွင် ပြည်သူများ သိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနနက် (၁၀)နာရီခွဲအချိန်က ရုံးရှေ့နံရံကပ်စာစောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် သိရှိရန်လိုအပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ၊ ဗီနိုင်းပိုစတာများကို​ ပြသဆောင်ရွက်ထားပြီး ပြည်သူများမှ လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

နော်လေးလီယန်