နတ်မောက်မြို့ လူထုအခြေပြု ဗဟိုဌာန၌ မာရင်ရင် ရေးသားသည့် “ပျော်ရွှင်ခြင်းတံခါးပေါက်’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများ စုပေါင်း၍ စာရေးဆရာမ မာရင်ရင် ရေးသားသည့်ပျော်ရွှင်ခြင်း တံခါးပေါက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် နာရီအချိန်ခန့်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက မိမိဝန်ထမ်းများ အနေဖြင့် ပြည်သူကိုအသိပညာပေး လုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများ ဖြစ်သည့်အတွက် စာပေကိုအမြဲမပြတ် ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန်လိုအပ်ကြောင်းစသည့် အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ဒေါ်ဝင်းမေထွန်း စာထောက်()က မာရင်ရင် ရေးသားသည့်ပျော်ရွှင်ခြင်းတံခါးပေါက်စာအုပ်ထဲမှဝေဖန်ခံနိုင်ဖို့ သတ္တိရှိပြီလားခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ရာ ရုံးဝန်ထမ်းများက စာအုပ် အကြောင်းအရာပါ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း