လက်ပံတန်းမြို့နယ်တွင်(GAHP) ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့် နွားမွေးမြူရေး သင်တန်းဖွင့်လှစ်

လက်ပံတန်း  ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကကြီးမှူး၍ (GAHP)ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့် နွားမွေးမြူရေး သင်တန်းဖွင့်ပွဲကို   ညောင်ဝိုင်းကျေးရွာ၌ ယမန်နေ့က ကျင်းပခဲ့သည်။

 အဆိုပါသင်တန်းတွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စနစ်တကျမွေးမြူထုတ်လုပ်မှု အခြေခံများရရှိစေရန်နှင့် ပြည်တွင်းစားသုံးမှုဖူလုံရန်သာမက ဘေးအန္တရယ်ကင်းရှင်းသော ပိုလျှံသော  အသား၊ နို့၊ ဥ များ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိူင်ရန် ဒေသနွား၊ နို့စားနွားများနှင့် အသားစားနွားများ ပိုမိုမွေးမြူလာစေရေးနှင့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေသြဇာ biofertilizer များ ရရှိထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် လွတ်ကျောင်းစနစ်မှခြံလှောင်စနစ်ဖြင့်  စနစ်တကျ မွေးမြူစေရေးတို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း လက်ပံတန်းမြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး  ဒေါက်တာစိုးမိုးဝင်းထံမှ သိရသည်။

သင်တန်းကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်တန်းသား (၁၀)ဦးကို စာတွေ့လက်တွေ့သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်း ကာလမှာ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး