ကသာ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပရေးနှင့် ပြည်သူများ ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ကျင့်နိုင်ရန် ရည်ရွယ်၍ လမ်းမတော်လမ်းမကြီးဘေးရှိ ခရိုင်ရုံးပေါင်းစုံရှေ့ ပလက်ဖောင်းနေရာတွင် လူသွားလမ်းနှင့် အလှပန်းပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရှိသည်။
အဆိုပါလုပ်ငန်းများကို စည်ပင်သာယာရေး၏ မီနီဘတ်ဂျက်မှ ငွေကျပ်(၆၃)သိန်းဖြင့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီး လူသွားလမ်း(၈၀၀ ပေ x ၆ ပေ x ၆ လက်မ)ကို ကသာမြို့ရှိ ဆည်မြောင်းရုံးမှ MPT ရုံးအထိ ပြုလုပ်ထားကာ လူသွားလမ်းဘေးတွင်လည်း အလှပန်းပင်များ စိုက်ပျိုးထားသည်။
ထို့အပြင် ကသာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)