ညောင်တုန်းမြို့နယ် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ညောင်တုန်း ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ဌာနဆိုင်ရာများ၊မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ ပူးပေါင်းပြီး  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်၈နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များကသွားရောက်ကြည့်ရှုအားပေးပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့အဝင်စစ်ဆေးရေးဂိတ်၊ညောင်တုန်းမြို့အဝင်ဆားမလောက်စစ်ဆေးရေးဂိတ်နှင့် အရွှဲ-ပန်တိုင် ယာဥ်စစ်ဆေးရေးဂိတ်များ တလျှောက် လမ်းဘေး ဝဲ၊ ယာများရှိအမှိုက်များကို စုပေါင်းရှင်းလင်းကြပြီး သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်၍ မြို့နယ်သန်ရှင်းသာယာလှပရေး စုပေါင်း ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်