ကော့သောင်း ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီက စတင်ကာ မြို့ပေါ် ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အသိပေးနှိုးဆော်ရာတွင်ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါ ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွား မလာခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင် ခြင်း စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြ ခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နေ လူဦးရေ၏၅၀%ကျော်ခန့်ကို ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ပြီးဖြစ်သော်လည်း ယနေ့ ကမ္ဘာ့ နိုင်ငံတစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ မိမိတို့မြို့နယ်အတွင်းသို့ကူးစက်မှု မဖြစ်ပွားစေရန်နှင့် မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင် ကြစေရန် အသိပေး နှိုးဆော်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)