လပွတ္တာ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည် (၂)နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်းသိရှိ ရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့် အမှာစကားပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားရှိသော ကျေးရွာ (၂၂)အုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၈၂၉ ကတ်နှင့် အိမ်ထောင်စုလူဉီးရေ စာရင်း စောင်၂၀၀ စောင် ကို ဝန်ကြီးချုပ်မှ ပြည်သူများထံ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လပွတ္တာမြို့ ၁ မိုင် ၌ မိုးစပါးစံကွက် (ပေါ်ဆန်းစပါး) ရိတ်သိမ်းပွဲအား ဝင်ရောက်ကြည့်ရှူ့အားပေးခဲ့ကြောင်း သိရှိရသည်။