လပွတ္တာ-သဲဖြူဆက်သွယ်ရေး လမ်းပေါ်ရှိ သံ ကူကွန်ကရစ် တံတား ဖွင့်လှစ်ပွဲ ကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာ-သဲဖြူ ဆက်သွယ်ရေးလမ်းပေါ်ရှိ သံကူ ကွန်ကရစ် တံတားဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် ၁:၀၀ နာရီ အချိန်က သဲဖြူ ကျေးရွာတွင် ကျင်းပကြောင်း သိရှိရသည်။

တံတားဖွင့်ပွဲ အခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်စွာလှိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားပေါ် လှည်လည့် ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ သံကူ ကွန်ကရစ် တံတားမှာ အရှည် (၁၂၅)ပေ၊ယာဉ်သွားလမ်း အကျယ် (၅.၄၉)မီတာ၊ လူသွားလမ်း အကျယ် တစ်ဘက် (၀.၃၀)မီတာစီကျယ်ဝန်းပြီး၊ တံတားခံနိုင်ဝန် (၃၆)တန် (ယာဉ်တစ်စီးချင်း)ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)