ခင်ဦးမြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပ

ခင်ဦး  ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ဦးစီး ကျင်းပပြုလုပ်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ယနေ့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ရပ်ကွက်အတွင်းရှိ ကလေးများမှ သံပုရာသီဇွန်းကိုက်ပြိုင်ပွဲ၊ မီတာ (၃၀) အပြေးပြိုင်ပွဲ၊ အားလူကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် အလွတ်တန်းတွင် တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲ၊ မီတာ (၁၅၀၀) အပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲများကို ပျော်ရွှင်စွာ ကျင်းပ ပြုလုပ် ပေးခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)