ဘုတ်ပြင်း ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( ပထမအကြိမ်၊ဒုတိယအကြိမ် )ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်/ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနံပေးလျက်ရှိရာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရှိရသည်။