ကြို့ပင်ကောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့်အသိပညာပေးမှုများဆောင်ရွက်

ကြို့ပင်ကောက် ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့်ကျောင်းသားကျောင်းသူ ကလေးငယ်လေးများ စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့်အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းက စာကြည့်တိုက်မှူး‌‌ ဒေါ်တင်တင်ဝင်းက စကောကရင်ပကညောစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် အကျိုးပြုသောလိပ်ပြာလေး ရုပ်ပြစာအုပ်အား ပုံပြောခြင်းအစီအစဉ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်ပြည်သူ့စာကြည့်တိုက်မှ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးနှင့် ဝန်ထမ်းများက Oline မှတစ်ဆင့် သုတ ရသ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ စာကြည့်တိုက်မှူးမှ ပုံပြောခြင်း ကဗျာရွက်ခြင်းအစီအစဉ်များ စက္ကူအရုပ်ခေါက်အစီအစဉ်များကို ကြို့ပင်ကောက်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ အစီအစဉ်ပေါင်း( ၄၅၀) ခန့် ထုတ်လွှင့်နိုင်ခဲ့ကြောင်းသိရသည်။

ဇေယျာထွန်း